Home/About us About us မျှော်မှန်းချက် မြန်မာနိုင်ငံအတွင်းရှိ သွားဘက်ဆိုင်ရာ ဆေးခန်းများအတွက် Technique မှန်ကန်စွာဖြင့် အရည်အသွေးမြင့်မားသော သွားတုများ ထုတ်လုပ်ပေးရန် ရည်ရွယ်၍ တည်ထောင်ထားပါသည်။ ခံယူချက် အပ်နှံသော case များ အရည်အသွေး မပြည့်၀၍ လူနာအားတပ်ဆင်ရာတွင် အခက်အခဲရှိခြင်းအတွက် အချိန်မှီလာရောက် ယူဆောင်ခြင်းအတွက် ရက်ချိန်းအတိုင်း ပြန်လည်ပို့ဆောင်နိုင်ခြင်းအတွက် ဆရာ/ဆရာမတို့ ပူပန်ခြင်းမရှိစေရန် စနစ်တကျ စီမံဆောင်ရွက် ထုတ်လုပ်ပေးထားပါသည်။ About Us မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် စတင်တည်ထောင်စဉ်က Colombo Planning ဖြင့်ဖွင့်လှစ်ခဲ့သော သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အောက်တွင် သွားတုပညာသင်တန်းကျောင်းလည်းပါ၀င်ခဲ့သည်။ ၎င်းသင်းတန်းကျောင်း၏ 6th batch, 1974(intake)တွင် ပညာသင်ကြား၍ Deploma in Dental Technology ရရှိခဲ့သော ဦးစိုးတင့်(သ.တ.၄၁)မှမိမိ၏၀န်းထမ်းဘ၀၊ကိုယ်ပိုင် Dental – Lab. လုပ်ငန်းဆောင်ရွက်မှုဘ၀များမှ အနားယူပြီးနောက် 2010ခုနှစ်မှစ၍ မိမိပညာသင်ကြားပျိုးထောင်ပေးခဲ့သော Daw Nyung Deik Shin Kyain (ဒေါ်ကျိန်းကျိန်း)အား Chief Technician အဖြစ်ဆောင်ရွက်စေ၍ Right Technique Dental Lab. ကို 2012ခုနှစ်တွင် စတင်တည်ထောင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သွားဘက်ဆိုင်ရာ နယ်ပယ်တွင် သွားတုပညာရပ်ကိုကျွမ်းကျင်စွာတတ်မြောက်သည့် Dental Technician များ နည်းပါးလာမှုကိုသတိပြုမိသဖြင့်Dental Technician Training Center ကိုပါတွဲဖက်၍ ဖွင့်လှစ်ပြီး Dental Technician များမွေးထုတ်အလုပ်ခန့်ထားခဲ့ပါသည်။ တိကျမှန်ကန်သော Technique များအသုံးပြု၍ သွားတုထုတ်လုပ်မှုများ ဆောင်ရွက်ရန်ရည်ရွယ်ထားသဖြင့် (Right Technique Dental Lab.)ဟု အမည်ပေးတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။